Banner Top

Member Area

Wanna One အဖွဲ့ဝင် ၅ ဦး အတူတူ ပြန်လည်ဖျော်ဖြေမည်

  •  WN
  • Category: Music

Wanna One အဖွဲ့ဝင်တချို့ဟာ ပူးတွဲဖျော်ဖြေမှုတစ်ခုအတွက် ပြန်လည် ပေါင်းစည်းကြမှာဖြစ်ပါတယ်။


အောက်တိုဘာ ၁၄ ရက်မှာ Daily Sports သတင်းရဲ့အဆိုအရ နာမည်ကျော် ယောကျာ်းလေးအဆိုတော်အဖွဲ့ Wanna One အဖွဲ့ဝင် ငါးဦးဟာ 'KCON: TACT season 2' မှာ ပူးတွဲ ဖျော်ဖြေကြမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

1602707329 image
Wanna One အထူးတင်ဆက်မှုအတွက် AB6IX မှ လီဒယ်ဟွီနဲ့ ပတ်ဝူဂျင်း တို့ဟာ ပတ်ဂျီဟွန်း၊ ဟာဆောင်းဝန်း၊ ကင်ဂျယ်ဟွမ်တို့နဲ့အတူ ပူးပေါင်းကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ကင်ဒန်နီယယ်၊ ဘေဂျင်ယောင်း၊ ဟွမ်မင်ယောင်း၊ လိုင်ကွမ်းလင်၊ ယွန်းဂျီဆောင်းနဲ့ အွန်ဆောင်းဝူတို့ကတော့ အဲ့ဒီအထူးတင်ဆက်မှုမှာ ပါဝင်လာကြမှာမဟုတ်ပါဘူး။

1602707563 image

Wanna One အဖွဲ့ဟာ ၂၀၁၇ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Mnet ရုပ်သံရဲ့ "Produce 101 Season 2" အစီအစဉ်ရဲ့ ပရောဂျက်အဖွဲ့အနေနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ နာမည်အထူးကျော်ကြားလာခဲ့ပြီးတဲ့နောက် တစ်နှစ်တာအတွက် တက်သစ်စဆု၊ အထူးဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။ သူတို့ရဲ့ စာချုပ်ဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ အဆုံးသတ်ခဲ့ပြီး အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။ သူတို့အဖွဲ့ဝင်တွေဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာပြုလုပ်ခဲ့တဲ့နောက်ဆုံး ဖျော်ဖြေပွဲ ပြီးတဲ့နောက်မှာတော့ သက်ဆိုင်ရာ အေဂျင်စီတွေဆီပြန်သွားခဲ့ကြပါတယ်။


နောက်ဆုံးဖျော်ဖြေပွဲမှာတော့ အဖွဲ့ဝင်တစ်ဦးချင်းစီဟာ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ ပရိသတ်တွေနဲ့ အဖွဲ့ဝင်တွေအထိ ငိုကြွေးခဲ့ကြပြီး ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီအချိန်ကစလို့ ပရိသတ်တွေဟာ အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း reunion တင်ဆက်မှုကို ရှိစေချင်ခဲ့ကြတာပါ။ အခုတော့ သူတို့တွေရဲ့ ဆန္ဒဟာ 'KCON: TACT season 2' မှာ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top