Banner Top

Member Area

"SIREN” သီချင်းနဲ့ ပွဲဦးထွက်လာတော့မယ့် FNC Entertainment ရဲ့ P1Harmony အဖွဲ့

  •  YuNandarHtun
  • Category: Music

အောက်တိုဘာ ၁၄ ရက်မှာ FNC Entertainment ရဲ့မကြာမီလာမယ့် ယောက်ျားလေးအဖွဲ့ P1Harmony ကသူတို့ရဲ့ပွဲဦးထွက်အတွက်ပိုစတာနဲ့ဗီဒီယိုတွေကို မျှဝေခဲပါတယ်။

သူတို့ရဲ့ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ DISHARMONY: STAND OUT မှာ ခေါင်းစီးတေးကတော့ “SIREN” ဖြစ်ပါတယ်။

FNC Entertainment ရဲ့ P1Harmony အဖွဲ့သစ်က မကြာခင်မှာ K-pop လောကထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

P1Harmony အဖွဲ့က အောက်တိုဘာ ၂၈ ရက်မှာ“ DISHARMONY: STAND OUT” မီနီအယ်လ်ဘမ်နဲ့စတင်မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ Comeback အစီအစဉ်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ P1Harmony အဖွဲ့မှာတော့ Keeho, Theo, Jiung, Intak, Soul နဲ့ Jongseob တို့ ပါဝင်ကြပါတယ်။ P1Harmony အဖွဲ့အတွက် ပွဲဦးထွက်ကိုတော့ အောက်တိုဘာ ၈ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ သူတို့ရဲ့ ရုပ်ရှင် “P1H: The Start of a New World” ကိုဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top