Banner Top

Member Area

Bobbi Brown အတွက်ပထမဆုံး ကိုယ်စားပြု အမျိုးသားမော်ဒယ်ဖြစ်လာခဲ့တဲ့ EXO အဖွဲ့ဝင် Kai

အာရှနဲ့ ကိုရီးယားရဲ့ ပထမဆုံး Gucci ကမ္ဘာလုံးဆိုင်ရာ သံတမန်ဖြစ်တဲ့ Kai ဟာ Bobbi Brown အမှတ်တံဆိပ်အလှကုန်အတွက် ပထမဆုံး ကိုယ်စားပြု အမျိုးသားမော်ဒယ်ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာ 1st Look မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်ဖြစ်သူ Kim Yoon Hee က Kai နဲ့ တူတူရိုက်ထားတဲ့ ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ Kin Yoon Hee က Kai နဲ့တူတူကိတ်မုန့်ကိုင်နေတဲ့ပုံကို ပြသခဲ့တာ ဖြစ်ပါတယ်။

EXO Kai

ကိတ်မုန့်မှာ "Kai x Bobbi Brown: Bobbi ရဲ့ ပထမဆုံး ကိုယ်စားပြုအမျိုးသား မော်ဒယ် ဖြစ်လာလို့ ဂုဏ်ပြုပါတယ်' လို့ဆိုတဲ့ စာသားလေးပါရှိပါတယ်။ Kai ဟာ ကျော်ကြားတဲ့ အလှကုန်အမှတ်တံဆိပ်ရဲ့ပထမဆုံး ကိုယ်စားပြု အမျိုးသား မော်ဒယ် ဖြစ်လာတဲ့ သတင်းကို အတည်ပြုထားတာ ဖြစ်ပါတယ်။

တွစ်တာနဲ့အခြား ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်သတင်းမတွေပျံ့နှံ့နေပြီးစိတ်လှုပ်ရှားဖွယ်ဓာတ်ပုံတွေကို ပရိသတ်တွေကမျှဝေပြီး Kpop အဆိုတော်ကိုချီးကျူးနေပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top