Logo
Print this page

T.O.P ရဲ့ အင်စတာဂရမ်ပို့စ်ကြောင့် ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ရ

BIGBANG အဖွဲ့အတွက် အင်စတာဂရမ်ပို့စ်တစ်ခုကို T.O.P က ရည်ရွယ်ပြီး တင်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ T.O.P ဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ 'Last Dance' သီချင်းထွက်စဉ်ကာလတုန်းက BIGBANG အဖွဲ့ရဲ့ ပုံဟောင်းတစ်ခုကို တင်ခဲ့ပါတယ်။

20220119 035003 560 0

သူဟာ GDragon, Taeyang, Daesung နဲ့ သူကိုယ်တိုင်ပါဝင်ထားတဲ့ပုံအဖြစ် ဖြတ်ထားတာဖြစ်တယ်။ ပုံစာမှာတော့ #ilovemyband ငါ့အဖွဲ့ကိုချစ်တယ် #ilovemyfans ငါ့ပရိသတ်တွေကို ချစ်တယ် စသဖြင့် ရေးထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီ hashtag တွေအပြင် T.O.P က ပို့စ်ထဲမှာ တခြားဘာကိုမှရေးမထားခဲ့ပါဘူး။

BIGBANG အဖွဲ့ဟာ '2021 Coachella' ပွဲမှာ ဖျော်ဖြေဖို့ ပြင်ဆင်ခဲ့ပေမယ့် ကိုဗစ် ၁၉ ကြောင့် အဲဒီဂီတပွဲတော်ကို ရွှေ့ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းကိုထုတ်ပြန်လိုက်ပြီ ဖြစ်ပေမယ့် အဲဒီစာရင်းထဲမှာတော့ BIGBANG အဖွဲ့ပါဝင်ခြင်းမရှိပါဘူး။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!