Logo
Print this page

၂၀၂၁ ခုနှစ်အတွင်းအမေရိကန်နိုင်ငံမှာ TXT, NCT 127 နဲ့ BTS တို့ရဲ့ အယ်လ်ဘမ် အများဆုံးရောင်းချခဲ့ရ

ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန်နိုင်ငံမှာ TXT, NCT 127 နဲ့ BTS အဖွဲ့တွေရဲ့ သိန်းနဲ့ချီတဲ့ အယ်လ်ဘမ်တွေရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။

MRC Data ရဲ့ အဆိုအရ TXT, NCT 127 နဲ့ BTS အဖွဲ့တို့ဟာ အမေရိကန်ဈေးကွက်မှာ စီဒီအယ်လ်ဘမ်ချပ်ရေတွေအများကြီးရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ TXT နဲ့ NCT 127 အဖွဲ့တို့ဟာ အမေရိကန်နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွွင်း ရောင်းအားအကောင်းဆုံးထိပ်တန်း စီဒီအယ်လ်ဘမ် ၁၀ ခုစာရင်းမှာ အယ်လ်ဘမ်တစ်ချပ်စီ ပါဝင်ခဲ့ပြီး BTS အဖွဲ့ကတော့ ၂ ခုပါဝင်ခဲ့ပါတယ်။

TXT အဖွဲ့ဟာ 'The Chaos Chapter: FREEZE' အယ်လ်ဘမ်ကို ကော်ပီချပ်ရေ ၂ သိန်း ၁ သောင်းကျော်၊ NCT 127 အဖွဲ့ဟာ'Sticker' အယ်လ်ဘမ်ကို ၂ သန်း ၁ သောင်းကျော် ရောင်းချခဲ့ရပါတယ်။ BTS အဖွဲ့ကတော့ 'Map of the Soul: 7' ကို ကော်ပီချပ်ရေ ၂ သိန်း ၁ သောင်းနဲ့ 'BE' အယ်လ်ဘမ်ကို ၁ သိန်း ၈ သောင်းကျော်ရောင်းချခဲ့ရပါတယ်။ အခုလောလောဆယ်မှာတော့ CD Single သီချင်းခွေ 'Butter' ကိုတော့ စာရင်းမကောက်ယူသေးပါဘူး။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!