Logo
Print this page

Kai ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် နိုင်ငံပေါင်း ၅၀ မှ iTunes ဇယားတွေမှာ ထိပ်ဆုံးရောက်နေ

EXO အဖွဲ့ဝင် Kai ဟာ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ KAI (开) ကိုထုတ်ဝေခဲ့ပြီး နိုင်ငံပေါင်း ၅၀ မှ iTunes အယ်လ်ဘမ်ဇယားတွေရဲ့ ထိပ်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက် ကိုးရီးယားစံတော်ချိန် ညနေ ၆ နာရီ မှာ ထွက်လာပြီးနောက် Kai ရဲ့ ပွဲဦးထွက်မီနီအယ်လ်ဘမ်ဟာဆိုရင် ကနေဒါ၊ ပြင်သစ်၊ ဒိန်းမတ်၊ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ဖင်လန်၊ ဂရိ၊ မက္ကဆီကို စတဲ့ နိုင်ငံပေါင်း၅၀ ကျော်ရဲ့ ပထမနေရာမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အဲဒါအပြင် 'KAI (开)' ဟာ QQ Music၊ KuGou Music လိုမျိုးတရုတ်ဂီတပလက်ဖောင်းအဖြစ် ပထမဆုံးအဆင့်သတ်မှတ်ခံခဲ့ရပါတယ်။

Kai ရဲ့တစ်ကိုယ်တော်ပွဲ ဦး ထွက်အယ်လ်ဘမ်ကိုသင်ရော နားထောင်ပြီးပြီလား?

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!