Banner Top

Member Area

BigHit Label အောက်မှာ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်မယ့် Zico

  •  mpc
  • Category: Music

နိုဝင်ဘာလ ၁၈ ရက်နေ့မှာ BigHit အင်တာတိန်းမန့်က Block B အဖွဲ့ဝင် Zico ရဲ့အေဂျင်စီဖြစ်တဲ့ KOZ အင်တာတိန်းမန့်ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Zico ဟာ KOZ အင်တာတိန်းမန့်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ တည်ထောင်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်နဲ့ Dvwn တို့ရဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။

KOZ အင်တာတိန်းမန့်ရဲ့ CEO Yoo Seung Hyun က

" အနုပညာရှင်တွေရဲ့တန်ဖိုးကို အလေးထားပြီး ဂီတနယ်ပယ်မှာ ဆန်းသစ်တီထွင်မှုတွေကို ရှာဖွေနေတဲ့ KOZ ရဲ့ ခံယူချက်ဟာ ဂီတနယ်ပယ်ရဲ့ စီးပွားရေးဈေးကွက်မှာ ပြောင်းလဲမှုအသစ်တွေ ပြုလုပ်နေတဲ့ Big Hit ရဲ့ ခံယူချက်နဲ့ တူညီပါတယ်။ Big Hit နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွမ်းကျင်မှုရှိတဲ့ အနုပညာရှင်တွေကို ရှာဖွေတဲ့နေရာမှာ အားထုတ်မှုတွေပြုလုပ်နိုင်မှာ ဖြစ်တဲ့အပြင် ကမ္ဘာ့ဈေးကွက်မှာ စီးပွားရေးလုပ်ငန်းတွေကို ရှေ့တိုးပြီး လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်"

လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Big Hit အင်တာတိန်းမန့်ရဲ့ CEO Bang Si Hyuk ကလည်း

"နိုင်ငံရဲ့ အကောင်းဆုံး ထုတ်လုပ်သူနဲ့ အနုပညာရှင်ဖြစ်တဲ့ Zico နဲ့လက်တွဲလုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်အရမ်းပဲ ပျော်ပါတယ်။ KOZ အနုပညာရှင်တွေ ကမ္ဘာ့ဈေးကွက်မှာ ချဲ့ထွင်နိုင်ဖို့အတွက် Big Hit ရဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ရက်နဲ့အတူ အရည်အသွေးကောင်းတဲ့ ဂီတထုတ်လုပ်မှုစနစ်တွေကို အသုံးချဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ Big Hit နဲ့ KOZ တို့ အတူတူဖန်းတီးမှုရဲ့ synergy ကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်"

လို့ပြောကြားထားပါတယ်။

BigHit အင်တာတိန်းမန့်ဟာ BELIFT LAB ကို CJ ENM နဲ့ ပူးတွဲတည်ထောင်ထားပြီး အရင်နှစ်က Source Music အင်တာတိန်းမန့်တို့ကို ဝယ်ယူခဲ့ပြီး အခုနှစ်မှာတော့ Pledis အင်တာတိန်းမန့်နဲ့ KOZ အင်တာတိန်းမန့်တို့ကို ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ Zico ဟာ BigHit Label အောက်မှာ အလုပ်လုပ်မှာဖြစ်ပြီး ထုတ်လုပ်သူနဲ့ အဆိုတော်အဖြစ် အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

#mpc

Banner Top