Logo
Print this page

တကိုယ်တော် အနုပညာရှင်အဖြစ် ပွဲဦးထွက်လာတော့မယ့် LOREN

Blackpink ရဲ့ Lovesick Girls သီချင်းမှာ ပါဝင်ခဲ့တဲ့ LOREN ဟာ တကိုယ်တော် အနုပညာရှင်အသစ်အနေနဲ့ ပွဲဦးထွက်မှာ ဖြစ်ပြီးတော့ Naver ရဲ့ တည်ထောင်သူ Lee Hae Jin ရဲ့ သားဖြစ်ကြောင်း သိရှိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ရဲ့ သတင်းမီဒီယာတွေအရ တကိုယ်တော် အနုပညာရှင်အသစ်အနေနဲ့ ပွဲဦးထွက်မယ့် LOREN က Naver ရဲ့ တည်ထောင်သူနဲ့ GIO ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Lee Hae Jin ရဲ့ သားဖြစ်ကြောင်း သိရှိရပါတယ်။

LOREN ဟာ သူ့ရဲ့ ပထမဆုံး Single သီချင်း ဖြစ်တဲ့ "Empty Trash" ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပွဲဦးထွက်မှာ ဖြစ်ပါတယ်။ YG အင်တာတိန်းမန့်ရဲ့ The Black Label က LOREN ရဲ့ ပွဲဦးထွက်အတွက် ပရိုမိုးရှင်း လုပ်ပေးခဲ့တဲ့ အတွက် ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားမှုကို ရရှိနေတဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။ LOREN က Fire Exit Records ရဲ့ လက်အောက်မှာရှိတာ ဖြစ်ပေမယ့် အဆိုတော်အသစ်တွေကို မွေးထုတ်ပေးနေတဲ့ The Black Label နဲ့ လက်တွဲအလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တုန်းက LOREN ဟာ Blackpink ရဲ့ Lovesick Girls သီချင်းမှာ ပါဝင်ခဲ့ခြင်းတစ်ခုတည်းကြောင့် မဟုတ်ပဲ Lovesick Girls, Pretty Savage နဲ့ You Never Know စတဲ့ သီချင်းတွေကို ရေးသားပေးခဲ့တာကြောင့် စိတ်ဝင်စားမှုကိုရရှိနေခဲ့တာ ဖြစ်ပါတယ်။

LOREN ရဲ့ ပွဲဦးထွက် Single ကိုလည်း စောင့်မျှော်ကြည့်ရှုလိုက်ကျပါဦး။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!