Logo
Print this page

IU ရဲ့ နာမည်ကျော်သီချင်း 'Good Day' ထွက်ရှိတာ ၁၀ နှစ်ရှိပြီ

'Good Day' သီချင်းရဲ့ ၁၀ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။


IU ရဲ့ 'Good Day' သီချင်းဟာ သက်တမ်း ၁၀ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့မှာဖြန့်ချိခဲ့တဲ့ တတိယမြောက် EP အယ်လ်ဘမ် 'Real' ထဲက ခေါင်းစီးတေးသီချင်းဖြစ်ပါတယ်။ အဲ့ဒီတုန်းက IU ဟာ Loen အင်တာတိန်းမန့် လက်အောက်မှာ အဲ့ဒီအယ်လ်ဘမ်ကို ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

1604630895558 0


IU ဟာ ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပေမယ့် ၂၀၁၀ ပြည့်နှစ်မှထွက်ခဲ့တဲ့ 'Good Day' သီချင်းနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်တယ်လို့ လူတော်တော်များများက အထင်မှားလေ့ရှိကြပါတယ်။ ဒါပေမယ့် 'Good Day' သီချင်းဟာ IU ရဲ့ ရိုက်ခတ်မှုအရှိဆုံး သီချင်းတစ်ပုဒ်အနေနဲ့ ပရိသတ်တွေက မှတ်ယူကြပါတယ်။


မှတ်ချက်တော်တော်များများမှာတော့

"ငါတော်တော်အိုနေပြီပဲ။" "ဆယ်စုနှစ် တစ်ခုနီးပါးရှိခဲ့ပြီ။ ဒါပေမယ့် သီချင်းက ကောင်းနေတုန်းပဲ။" "ဒီသီချင်းက IU ရဲ့ အလှည့်အပြောင်းပဲ။"

စတဲ့မှတ်ချက်တွေကို တွေ့ရပါတယ်။

အချိန်ကုန်တာတော်တော်မြန်ပါတယ်။ 'Good Day' ဂီတဗီဒီယိုလေးကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ရအောင်။

 

 

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!