မဖြစ်မနေ စောင့်ကြည့်ရမယ့် ကိုရီးယား ရုပ်ရှင်များ
- NR
- Category: Movie
ကိုရီးယား ဒရာမာတွေဟာ တစ်ကမ္ဘာလုံးရဲ့ အားပေးမှုကို ရရှိသလိုပဲ ကိုရီးယားရုပ်ရှင်တွေဟာလည်း နောက်ကျကျန်မနေခဲ့ပါဘူး။
ကိုရီးယားနိုင်ငံမှာလည်း ကမ္ဘာကအသိအမှတ်ပြုတဲ့ဖန်းတီးမှုတွေရှိပါတယ် ။ သိပ်မကြာသေးပါဘူး အော်စကာ ဆု ၆ ဆုရခဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ "Parasite " ဟာ အကောင်းဆုံးသက်သေပါပဲ။
Remember
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်းလောက်မှာထွက်ဖို့ရှိပါတယ်။ ကိုရီးယားနိုင်ငံကို ဂျပန်လူမျိုးတွေ သိမ်းပိုက်စဉ်ကာလအတွင်းမှာ.တစ်စုံတယောက်ကြောင့် အရာအားလုံးကို ဆုံးရှုံးသွားရတဲ့ အသက် ၈၀ အရွယ်အမျိုးသားတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ သူဟယ လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ သူရဲ့နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ခဲ့ပါတယ်။
အဲ့ဒီဇာတ်ကားထဲမှာ အသက် ၈၀ အရွယ် အမျိုးသားအဖြစ် Lee Sung Min နဲ့ လူငယ်အမျိုးသားအဖြစ် Nam Joo Hyuk တို့က ပါဝင်သရုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ Lee Sung Min , Nam Joo Hyuk အပြင် Jung Man Shik, Koo Ja Keon,Lee Woo Joo နဲ့ Park Hyuk Min တို့လည်းပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Broker
ဒီဇာတ်ကားအကြောင်းကို ပြောရမယ်ဆိုရင် ၂၀၂၁ ခုနှစ်ရဲ့ မျှော်လင့်ရဆုံး ရုပ်ရှင်ဖြစ်ပြီး Song Kang Ho ၊ Bae Doo Na နဲ့ Gang Dong Won တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Broker ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက ပွိုင့်က ဘာလဲဆိုရင် ရိုက်ကူးပေးမဲ့ဒါရိုက်တာ Hirokazu Koreeda ဆိုတဲ့ဂျပန်လူမျိုး ဒါရိုက်တာ၊ ပရိုဂျူဆာ၊ အယ်ဒီတာနဲ့ ဇာတ်ညွှန်းရေးဆရာ ပဲဖြစ်ပါတယ် ။ Hirokazu Koreeda ဟာဆိုရင် 2013 Cannes Film Festival က ချီးမြှင့်တဲ့ Jury Prize ဆိုတဲ့ဆုကို Like Father ,Like Son ဆိုတဲ့ဇာတ်ကားနဲ့ ရရှိထားပြီး ၂၀၁၈ ခုနှစ် မှာတော့ Cannes Film Festival က ချီးမြှင့်တဲ့ Palme d'Or ဆိုတဲ့ဆုကို Shoplifters ဆိုတဲ့ဇာတ်ကားနဲ့ရရှိထားပါတယ်။
အခုဒီ Broker ဇာတ်ကားဟာဆိုရင် သူ့ရဲ့ ပွဲဦးထွက် ကိုရီးယား ဇာတ်ကား) ပဲဖြစ်ပါတယ်ထို့ကြောင့် ပရိသတ်တွေက ဒီဇာတ်ကားကို အများကြီး မျှော်လင့်ထားကြပါတယ်။
ဇာတ်ကားအကြောင်းလေးပြောပြပါမယ်နော် "Baby Box" ရဲ့ အဓိပ္ပါယ်ကတော့ မိဘတွေကမွေးပြီး တာဝန်မယူချင်တဲ့ ကလေးတွေကို Baby Box ထဲမှာ စွန့်ပစ်လိုက်ပါတယ်။ အဲ့ဒီကလေးတွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေက မိဘမဲ့ဂေဟာ ၊ ဘုရားကျောင်း အစရှိတဲ့နေရာတွေကို ပို့ပေးလေ့ရှိကြပါတယ် ။ ဒီဇာတ်ကားရဲ့ အဓိကအချက်က ထို Baby Box ထဲစွန့်ပစ်ခြင်းခံခဲ့ရတဲ့ကလေးတွေရဲ့ ကြားက ဆက်ဆံရေးပြောင်းလဲပုံတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားက ကိုရီးယားနိုင်ငံတွင်သာ မကပဲ တစ်ကမ္ဘာလုံးမှာ နာမည်ကျော်မယ်လို့ ယုံကြည်ထားကြပါတယ်။
Double Patty
Double Patty ဇာတ်ကားမှာဆိုရင် ကိုယ်တွေရဲ့အချစ်တော် Red Velvet အဖွဲ့ဝင် Irene နဲ့ "Moment at Eighteen " ထဲက မင်းသား Shin Seung Ho တို့က ခေါင်းဆောင်မင်းသား မင်းသမီး အဖြစ်ပါဝင်သွားမှာပါ။ ဒါရိုက်တာ Baek Seung Hwan ရိုက်ကူးထားတဲ့ Double Patty ဆိုတဲ့ဇာတ်ကားဟာ ရည်မှန်းချက်ကြီးမားတဲ့ သတင်းတင်ဆက်သူ အမျိုးသမီးနဲ့ အထက်တန်းကျောင်းသား နပန်းသမားလေးတို့ရဲ့ အိမ်မက်တွေ၊ မျှော်မှန်းချက်တွေ , သူတို့နှစ်ဦးကြားကဆက်ဆံရေးတွေကို ရိုက်ကူးပုံဖော်ပေးထားပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလလောက်မှာထွက်ရှိမှာ သေချာသွားပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Reveluvs တွေအတွက်ကတော့ ခရစ်စမတ် လက်ဆောင်တစ်ခုလိုပါပဲ။
Handsome Guys
၂၀၂၁ ခုနှစ် မှာထွက်ရှိမှာသေချာတဲ့ Handsome Guys ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ဂန်ဝန်ဒေသမှာရှိတဲ့ တောင်ပေါ်အိမ်လေးမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ရက်စက်တဲ့ဝိညာဉ်ပူးကပ်ခြင်းကို ခံခဲ့ရပါတယ်။ ခရစ်ယာန် ဘုန်းကြီး တစ်ဦးက သူ့ကိုကူညီဖို့ကြိုးစားခဲ့ပါတယ်။ နှစ်ပေါင်း ၆၆ နှစ် ၆ လကြာပြီးတဲ့နောက်မှာ အဲ့ဒီအိမ်ကြီးကို Sang Goo နဲ့ Jae Pil ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကဝယ်လိုက်ကြပြီး သူတို့နှစ်ဉီးနဲ့အတူ သူငယ်ချင်း Mi Na ဟာ အဲ့ဒီအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဘယ်လိုမျိုး ကြောက်စရာဇာတ်လမ်းတွေရှိမလဲ၊ ဘယ်လိုမျိုး ပရိသတ်တွေရဲ့ အာရုံကိုဆွဲဆောင်မလဲဆိုတာကို ဒါရိုက်တာ Nam Dong Hyeop ရိုက်ကူးထားပြီး Lee Sung Min ၊ Lee Hee Joon နဲ့ Gong Seung Yeon တို့ဟာ အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
One Win
အောင်မြင်မှုရဲ့ အရသာကို တစ်ခါမှမခံစားဖူးသေးတဲ့ Kim Woo Jin ဟာ ဘဝတစ်ခါမှအနိုင်မရဖူးသေးတဲ့ သူဟာ ကလေးတွေကို ဘော်လီဘောသင်ပြပေးနေရင်းကနေ မကြာခင်မှာ အဖွဲ့ကိုဖျက်သိမ်းလုနီးပါဖြစ်နေတဲ့ အမျိုးသမီး ဘောလီဘောအသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ သူရဲ့ ဆန္ဒတစ်ခုကတော့ တစ်ပွဲပဲဖြစ်ဖြစ် အနိုင်ရချင်တာပါပဲ။ ဒီ အားကစား နဲ့ပတ်သတ်တဲ့ ဇာတ်ကားကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Shin Yeon Shik ဖြစ်ပြီး အဓိက ဇာတ်ဆောင်အဖြစ် Song Kang Ho , Park Jung Min, Lee Min Ji တို့က ပါဝင်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် လောက်မှာထွက်ရှိမှာပဲဖြစ်ပါတယ်။
The Box
ဒါရိုက်တာ Yang Jung Woong ရိုက်ကူးထားတဲ့ The Box ဆိုတဲ့ဇာတ်ကားမှာ EXO အဖွဲ့ဝင် Park Chanyeol က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါရိုက်တာ Yang Jung Woong ဟာဆိုရင် ၂၀၁၈ ခုနှစ် ဖြောင်ချန်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အခမ်းအနားရဲ့ အဖွင့်နဲ့အပိတ် ဖျော်ဖြေပွဲရဲ့ အဓိက ထုပ်လုပ်သူပဲ ဖြစ်ပါတယ်။ Park Chanyeol ကို ဒီဇာတ်ကားထဲမှာဆိုရင် အဆိုတော်တစ်ယောက်အဖြစ်တွေ့ရမှာဖြစ်ပါတယ်။ သူဟာ တချိန်ကကျော်ကြားခဲ့သော တေးဂီတထုတ်လုပ်သူတစ်ဦးနဲ့တွဲကာ ဘယ်လိုမျိုးတေးဂီတတွေကို ဖန်းတီးသွားမလဲဆိုတာ စောင့်ကြည့်ပေးကျပါဦး နော်။ ဒီဇာတ်ကားကိုတော့ ဒီဇင်ဘာလ ၂၀၂၀ ပြည့်နှစ်မှာ ထွက်ရှိမယ်လို့ ဖော်ပြထားပါတယ် ။
ကဲ သင်တို့ရော ဘယ်ဇာတ်ကားကို စောင့်မျှော်နေလဲ ...........?
#NR