Logo
Print this page

Red Velvet အဖွဲ့ဝင် Irene ရဲ့ ပထမဆုံး ရုပ်ရှင်ရိုက်ကူးပြီးစီး

Red Velvet အဖွဲ့ဝင် Irene ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်တဲ့ "Double Patty" ဟာ လူငယ်တွေ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြရင်း တိုးတက်လာကြပုံနဲ့ ကြီးပြင်းလာတဲ့ ပုံစံတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။


Irene က သူ့ရဲ့ အိပ်မက်တွေအတွက် မဆုပ်မနစ်ကြိုးစားနေတဲ့သတင်းကြေညာသူ Lee Hyun Ji ၊ မင်းသား Shin Seung Ho က တောင်ကိုးရီးယား နပန်းအားကစားသမားဟောင်း Kang Woo Ram အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။

စက်တင်ဘာလ ၁၂ရက်နေ့မှာ ရိုက်ကူးပြီးစီးခဲ့ပြီး ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဟာ ရုပ်ရှင်အသစ်မှာ ပါဝင်ခဲ့ရတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

Shin Seung Hoက

"ကျွန်တော် စီနီယာတွေ ဝန်ထမ်းတွေနဲ့ အတူရိုက်ကူးခဲ့ရတာကြောင့် တကယ်ကို ပျော်ရွှင်ခဲ့ရပြီး အများကြီးသင်ယူခဲ့ရပါတယ်။ရိုက်ကူးရေးပြီးသွားတာကြောင့် ဝမ်းနည်းခဲ့ရပေမဲ့
ဒီရုပ်ရှင်မှာ ကြည့်ရှုသူတွေဟာ ကျွန်တော့်ရဲ့ ပုံစံအသစ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဒါကြောင့် အများကြီး ကြည့်ရှုအားပေးကြပါအုံး"

လို့ ပြောခဲ့ပါတယ်။

Irene က

"အချိန်တွေကုန်တာ အရမ်းမြန်တယ်လို့ ကျွန်မထင်တယ်ကျွန်မကြိုးစားရိုက်ကူးခဲ့ရသလောက် ဒီရုပ်ရှင်ဟာ ကြည့်ရှုသူတွေကိုပျော်ရွှင်စေပြီး အားအင်တခုပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

လို့ ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ Baek Seung Hwan ကလည်း "သရုပ်ဆောင်တွေအကုန်လုံးနဲ့ ဝန်ထမ်းတွေအကုန်လုံး ကြိုးစားခဲ့ကြပါတယ်။ အကုန်လုံးနဲ့ အလုပ်တွဲလုပ်ခွင့်ရတဲ့အတွက် ပျော်ရွှင်ခဲ့ပြီး ဒီပရောဂျက်ပြီးစီးဖို့အတွက် အစွမ်းကုန် ကြိုးစားပါ့မယ်" လို့ ဆိုခဲ့ပါတယ်။

မကြာခင် ထုတ်လွှင့်မဲ့ "Double Patty"ကို ရုပ်ရှင်ရုံတွေနဲ့ အွန်လိုင်းဗီဒီယိုကြည့် ပလက်ဖောင်း တွေမှာ ကြည့်ရှုနိုင်ပါတယ်။

#J

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!