Logo
Print this page

လပေါ်မှာ တစ်ယောက်တည်းကျန်ခဲ့ရသူအဖြစ် သရုပ်ဆောင်မယ့် D.O.

EXOအဖွဲ့ဝင် D.O. ဟာ အာကာသအခြေခံ ရုပ်ရှင်အသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

201480061 1280

အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ "The Moon" လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်ရှင်မှာ မင်းသား ဆောဂျောင်းဂူ နဲ့ D.O. တို့ ပါဝင်သရုပ်ဆောင်မယ်လို့ အတည်ပြုလိုက်ပါတယ်။

201480060 1280

ဒီရုပ်ရှင်ဟာ မတော်တဆမှုတစ်ခုကြောင့် လပေါ်မှာတစ်ယောက်တည်းကျန်နေခဲ့ရတဲ့လူ (D.O)ကို ကမ္ဘာမြေပေါ်မှာရှိတဲ့ အခြားသူ(ဆောဂျောင်းဂူ)က ကယ်တင်ဖို့ကြိုးစားတဲ့ အကြောင်းရိုက်ကူးမယ့် ရုပ်ရှင်ဖြစ်ပြီး 'Take Off', 'Along with the Gods: the Two Worlds' နဲ့ 'Along with the Gods: the Last 49 Days'ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Yong Hwa က ရိုက်ကူးမှာဖြစ်ပါတယ်။

da5a4a384a564984b899acb95182529b

ဒါ့အပြင် D.O. ဟာ ဒါရိုက်တာ ကင်ယုံဟွာ နဲ့ 'Along with the Gods' စီးရီးအပြီး တတိယအကြိမ်မြောက်အဖြစ် ပြန်လည်တွေ့ဆုံတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သရုပ်ဆောင်နှစ်ယောက်ရဲ့ ပူးပေါင်းမှုကောင်းကောင်းနဲ့ တွဲဖက်မှုကို တွေ့မြင်ချင်နေကြပြီလည်း ဖြစ်ပါတယ်။ D.O. (Do Kyung-Soo)ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၂၅ရက်နေ့မှာ စစ်မှုထမ်းတာဝန်ကို ပြီးဆုံးမှာ ဖြစ်ပြီး “The Moon”ရုပ်ရှင်ကိုတော့ နောက်နှစ် နှစ်ဝက်မှာ စတင်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!