Banner Top

Member Area

စစ်မှုထမ်းစဉ်ကာလက f(x) အဖွဲ့ရဲ့ ပရိသတ်ဖြစ်ခဲ့တယ်လို့ မင်းသား Jang Dong Yoon ပြော

အောက်တိုဘာ ၁၃ ရက်နေ့မှာ OCN ကနေ မကြာမီထုတ်လွှင့်တော့မယ့် စစ်တပ်သည်းထိတ်ရင်ဖို စီးရီး 'Search' မှာ ပါဝင်ကြတဲ့ ခေါင်းဆောင် သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေဟာ စီးရီးကို မထုတ်လွှင့်ခင်ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ အဓိကမင်းသား Jang Dong Yoon နဲ့ အဓိကမင်းသမီး Krystal တို့က တစ်ဦးအပေါ်တစ်ဦးပထမဆုံး ထင်မြင်ယူဆချက်အကြောင်း ပြောဆိုခဲ့ကြပါတယ်။ စစ်မှုထမ်းဆောင်ပြီးမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့သူ မင်းသား Jang Dong Yoon က f(x) အဖွဲ့ရဲ့ ပရိသတ်တစ်ဦး ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သူက "စစ်ထဲကိုဝင်သွားတဲ့အမျိုးသားတိုင်း ဒါကို သိလိမ့်မယ်ဆိုတာ အသေအချာပြောရဲပါတယ်။ 'Soldier's Song' လို့ခေါ်တဲ့ အရာဖြစ်ပါတယ်။ ရုပ်သံကနေနေ့တနေ့စီမှာ လာတဲ့အခါမှာ စစ်သားတွေအားလုံးရဲ့ ကြားမှာ အဲ့ဒါက နာမည်အကျော်ကြားဆုံးသီချင်းပါ။ ကျနော် စစ်ထဲရောက်တဲ့ အချိန်တုန်းက ကျနော်တို့ရဲ့ 'Soldier's Song' သီချင်းကတော့ f(x) အဖွဲ့ရဲ့ 'Electric Shock' သီချင်းဖြစ်ပါတယ်။" လို့ဆိုပါတယ်။

Jan Dong Yoon

မင်းသားက "Krystal ဟာ ကြာင်နာတတ်ပြီး အကဲဆတ်တတ်ပါတယ်။ သရုပ်ဆောင်တဲ့အချိန်သူ့မှာ ပွင့်လင်းတဲ့စိတ်ရှိပါတယ်။ ဒါကြောင့် ကျနော်သူနဲ့ အလုပ်လုပ်ရတာ ပိုပြီး သက်တောင့်သက်သာရှိတယ်လို့ ထင်ပါတယ်။" လို့ ဆိုပါတယ်။

Krystal ကလည်း Jang Dong Yoon ပထမဆုံးတွေ့ဆုံခဲ့အချိန်တုန်းက ခံစားချက်ကို အခုလိုပြောပါတယ်။ သူက "ဇာတ်ညွှန်းဖတ်ပွဲမှာ ကျမတို့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်တုန်းက ကျမက အစ်ကိုရေ အစ်ကိုက ကျမသိခဲ့တဲ့ တစ်ယောက်ယောက်လို ခံစားရတယ်လို့ ပြောခဲ့တယ်။ ရိုက်ကွင်းပေါ်မှာ ကျမတို့ အလုပ်စလုပ်ရချိန်မှာလည်း ကျမပိုသိလာရတယ် တစ်ဦးနဲ့ တစ်ဦး ကူညီပြီးတော့လည်း အတူတူ အလုပ်သက်တောင့်သက်သာ လုပ်ခဲ့တယ်။ သူဟာ တကယ့်ကိုပဲ ရိုက်ကွင်းပေါ်မှာ ပျော်ပျော်နေတတ်တဲ့သူပါ။" လို့ဆိုပါတယ်။

မင်းသား Jang Dong Yoon နဲ့ မင်းသမီး Krystal တို့ ပါဝင်ထားကြတဲ့ OCN ရုပ်သံရဲ့ 'Search' ဒရာမာကို အောက်တိုဘာ ၁၇ ရက်နေ့ ကိုရီးယားစံတော်ချိန် ည၁၀ နာရီခွဲမှာ စတင်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

Banner Top