ပြသတဲ့နေ့မှာပဲ တောင်ကိုရီးယားရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်ခဲ့တဲ့ 'The Policeman's Lineage' ရုပ်ရှင်
- Y Nay
- Category: Movie
မင်းသား ချွဲဝူရှစ်နဲ့ ချိုဂျင်ဝုန်းတို့ရဲ့ 'The Policeman's Lineage' ရုပ်ရှင်ဟာ လက်ရှိတောင်ကိုရီးယား ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတာကိုတွေ့ရပါတယ်။
ဒါရိုက်တာ လီဂျိုမန် ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ ဇန်နဝါရီ ၅ ရက်နေ့ပထမဆုံးပြချိန် နိုင်ငံတဝန်းလုံးမှာ လက်မှတ် ၆ သောင်း ၄ ထောင်ကျော် ရောင်းချခဲ့ရပါတယ်။
အဲဒီတစ်ရက်တည်းမှာပဲ Marvel Studio ရဲ့ 'Spider-Man: No Way Home' ကတော့ လက်မှတ်ပေါင်း ၅ သောင်းကျော်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။
'The Policeman's Lineage' ရုပ်ရှင်မှာပါဝင်ထားကြတဲ့ မင်းသားချွဲနဲ့ မင်းသားချိုတို့ဟာ ၂၀၁၁ ခုနှစ်တုန်းက သမိုင်းနောက်ခံရုပ်သံစီးရီး 'Deep Rooted Tree' မှာ အတူတူ သရုပ်ဆောင်ခဲ့ကြဖူးပါတယ်။
'The Policeman's Lineage' ရုပ်ရှင်ကတော့ ဂျပန်ဝတ္ထု 'Blood of the Policeman' ကို အခြေခံထားတဲ့ မှုခင်းဒရာမာရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့တဲ့ အမှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တစ်ခုကို တည်ထောင်ပြီး မတူညီတဲ့ နည်းလမ်းတွေ သုံးကြမယ့် ရဲအရာရှိနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။