Logo
Print this page

ဆောင်းဂျွန်ကီနဲ့ ကင်ထယ်ရီတို့ရဲ့ 'Space Sweepers' ရုပ်ရှင်ကို Netflix ကနေ ပြမယ်

ဒါရိုက်တာ ဂျိုဆွန်းဟီးရဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် 'Space Sweepers' ကို Netflix ကနေ တဆင့်ပြသသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ဘာသာစကားပေါင်း ၃၁ ခုနဲ့ ဖြန့်ချိမှာဖြစ်ပြီး ရုပ်ရှင်စတင်ပြသမယ့်ရက်ကို မကြာခင် ကြေညာမှာ ဖြစ်တယ်လို့ Netflix Korea က အတည်ပြုခဲ့ပါတယ်။

1605850155 20201120 space

မင်းသား ဆောင်းဂျွန်ကီ ၊ မင်းသမီး ကင်ထယ်ရီ၊ ဂျင်ဆွန်းဂျူနဲ့ ယူဟယ်ဂျင်းတို့ ပါဝင်ထားကြတဲ့ 'Space Sweepers' ရုပ်ရှင်ကတော့ ၂၀၂၉ ခုနှစ်မှာ S.S. Victory အာကာသယဉ်ပေါ်မှာ လိုက်လာလာတဲ့ ယာဉ်အမှုထမ်းတစ်ဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။

1605850169 enpzkpzvkaavq6y

အသုံးဝင်တဲ့အာကာသအမှိုက်တွေကို ပြန်လည်သိမ်းဆည်းနေစဉ်အတွင်းမှာ ဖျက်အားပြင်း လက်နက်ဖြစ်လာမယ့် Dorothy ဆိုတဲ့ အန်းဒရိုက်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ အာကာသအတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ ပထမဆုံး တောင်ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!