BTS အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ
- J
- Category: Trend
ကိုးကွယ်တဲ့ ဘာသာမရှိဘူးဆိုတာဟာ ယုံကြည်သက်ဝင်မှု မရှိဘူးလို့ မခေါ်ဆိုပါဘူး။
အောက်မှာတော့ BTSအဖွဲ့ဝင်တွေရဲ့ ကိုးကွယ်တဲ့ ဘာသာတွေနဲ့ ပက်သက်ပြီး ဖော်ပြလိုက်ပါတယ်။
1.V
V က ကိုးကွယ်တဲ့ဘာသာနဲ့ ပက်သက်ပြီး ပြောပြဖူးခြင်း မရှိပေမဲ့ တချို့ကတော့ ခရစ်ယာန်ဝတ်ပြုဆုတောင်းသီချင်းကို သူ့ရဲ့ playlist မှာ တွေ့ရှိခဲ့ကြတာကြောင့် ခရစ်ယာန်ဖြစ်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။တချို့ကတော့ ခရစ်ယာန်သီချင်းရှိတိုင်း ခရစ်ယာန်ဘာသာဝင်တယောက် မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
V ဟာ ပွဲတခုမှာ သူ့အဖွားကို ရည်ရွယ်ပြီး ခရစ်ယာန်ဘာသာဝင်တွေ လုပ်လေ့ရှိတဲ့ blowing kiss လုပ်ခဲ့တာကြောင့် ခရစ်ယာန်ဘာသာနဲ့ ဆက်နွယ်နေလိမ့်မယ်လို့ ထင်ကြပါတယ်။သူ့ရဲ့ဆောင်ပုဒ်က "What's a big deal" ဖြစ်ပါတယ်။
2.RM
RM ဟာ အင်တာဗျူးတခုမှာ သူဟာ ဘာသာမဲ့ တယောက်ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာ မရှိဘူးလို့ ပြောဖူးပါတယ်။ဒါပေမဲ့လည်း သူဟာလက်ဝါးကပ်တိုင် ပုံစံလည်ဆွဲကို ဝတ်ဆင်ထားခဲ့တာကြောင့် ဒါဟာကိုးကွယ်ယုံကြည်မှု အမှတ်အသားတခုပါလို့ တချို့က ငြင်းခုံခဲ့ကြပါတယ်။
သူ့ရဲ့ ဆောင်ပုဒ်ကတော့ "sexily" ပါ။
3.Suga
Suga ကတော့ သူ့ရဲ့Twitter မှာ Kobe ကို သွားခဲ့တဲ့အကြောင်း ပြောပြခဲ့ပြီး သူ့ကို အဲ့ဒီနေရာအကြောင်း ပြောပြခဲ့တဲ့အတွက် ကျေးဇူးတင်ပါခဲ့တယ်။ဒါအပြင် အဲ့ဒီပို့စ်မှာ သူဟာ ဘာသာမဲ့တယောက်ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။
"ပျော့ညံပေမဲ့ သန်မာဟန်ဆောင်နေတဲ့ လူသားတယောက်ပဲ။ ထပ်ပြီး ငါဟာ ကိုးကွယ်တဲ့ ဘာသာမရှိတဲ့သူ တယောက်ဖြစ်ပေမဲ့ အဲ့ဒီတုန်းကဆုတောင်းမိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်ကတော့ ဆုံးဖြတ်
ပြီးသားပဲ။ တကယ်လို့ အဆုံးသတ် ဖြစ်ခဲ့မယ်ဆိုရင်တောင် ငါ့ခံစားချက်တွေနဲ့ ငါ့နှလုံးသားကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး"
သူ့ရဲ့ ဆောင်ပုဒ်က "I don't give a sh*t"ပါ။
4.Jin
Jin ဟာလည်း သူ့ရဲ့ ကိုးကွယ်တဲ့ဘာသာနဲ့ ပက်သက်ပြီး ပြောပြဖူးခြင်း မရှိတာကြောင့် တခြားအဖွဲ့ဝင်တွေလိုဘဲ ဘာသာမဲ့လို့သိကြပါတယ်။
သူ့ရဲ့ဆောင်ပုဒ်ကတော့ " အလုပ်အရမ်းမလုပ်ဘဲ အားလပ်ချိန်တွေ ယူရင်း အသက်ရှင်နေထိုင်ပါ" ဖြစ်ပါတယ်။
5.Jungkook
Jungkook လည်း ကိုးကွယ်တဲ့ဘာသာနဲ့ ပက်သက်ပြီး မပြောပြဖူးတဲ့အတွက် ဘာသာမဲ့လို့ ယူဆကြပါတယ်။ သူဟာ SOPA မှာတက်ခဲ့တာပါ။ဒီကျောင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက် မှာ အနုပညာနဲ့ ပက်သက်တဲ့ ဖျော်ဖြေမှုတွေအတွက် အထူးရည်ရွယ်ချက်တွေနဲ့တောင်ကိုးရီးယားရဲ့ ပထမဆုံး ခရစ်ယာန်ဘာသာ အခြေပြုကျောင်းလို့ ဖော်ပြထားပါတယ်။ကျောင်းသားတိုင်းဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နေ့လည်တိုင်း ကျမ်းစာ သင်ကြားတဲ့ အတန်းကို တက်ရောက်ရပြီးနေ့တနေ့ရဲ့ စာသင်ချိန်မစမှီ QT(quiet time) ရှိပါတယ်။
သူ့ရဲ့ ဆောင်ပုဒ်ကတော့ "ရည်မှန်းချက်မရှိဘဲ ရှင်သန်ရတာထပ်သေတာက ပိုကောင်းတယ်" ဘဲဖြစ်ပါတယ်။
6.Jimin
Jimin ရဲ့ ဆောင်ပုဒ်ကတော့ "ရယ်မောပါ နောက်ပြီး ဘယ်တော့မှအရှုံးမပေးပါနဲ့" ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာကတော့ မသိရပါဘူး။အဖွဲ့ဝင်တွေကတော့ Jiminရဲ့ ကြိုးစားမှုနဲ့ အားထုတ်မှုတွေကနေသူတို့သင်ယူခဲ့ရတယ်လို့ တကြိမ်ထပ်မနည်း ပြောဖူးပြီး သူ့ရဲ့ ဇွဲလုံ့လဟာ တကယ်ကို ချီးကျူးထိုက်ပါတယ်။သူဟာ BTS အဖွဲ့ဝင် အဖြစ်ကြေညာပေးခံရတဲ့ နောက်ဆုံး အဖွဲ့ဝင်ပါ။
7.J-Hope
J-Hope ကိုလည်း ဘာသာမဲ့တယောက်အဖြစ် သိကြပြီး သူ့ရဲ့ဆောင်ပုဒ်က "ငါတို့ရဲ့အကောင်းဆုံးသောအရာကိုပဲ ပေးကြရအောင်" ဖြစ်ပါတယ်။ J-hope က သူ့ရဲ့ ယုံကြည်မှုကြောင့်သာ သူဟာ အောင်မြင်တဲ့ အနုပညာရှင်တယောက် ဖြစ်လာတာ ဖြစ်ပြီး ဒီယုံကြည်မှုဟာ သူ့ရဲ့ အားအင်ပါလို့ ပြောဖူးပါတယ်။ သူဟာသူ့ရဲ့အင်အားတွေကို အဖွဲ့ဝင်တွေဆီ မျှဝေနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်လို့လည်း ထပ်မံပြောပြခဲ့ပါတယ်။
J
ဆက်စပ်နေသော ရေးသားချက်များ
-
ချုံးချုံးကျသွားတဲ့ ဂျီမင်ရဲ့ ပုံရိပ်ကြောင့် ARMYs တွေ အံ့အားသင့်သွားခဲ့ရ
ရှိုးပွဲတခုမှာ အချိန်တိုအတွင်း ဘီတီအက်စ်အဖွဲ့ဝင် ဂျီမင်ရဲ့ ချုံးကျသွားတဲ့ ပုံရိပ်က ARMYs တွေကို မှင်သက်သွားစေခဲ့ပါတယ်။ ဇွန် ၂၅ ရက်နေ့က ဆိုးလ်မှာ ကျင်းပတဲ့ ဘီတီအက်စ်အဖွဲ့ဝင် ဆူဂါရဲ့ ဖျော်ဖြေပွဲ ပုံရိပ်တွေမှာ ၄ လတာအတွင်း ထူးထူးခြားခြားပြောင်းလဲသွားတဲ့ ဂျီမီရဲ့ ခန္ဒာကိုယ်က အွန်လိုင်းသပရိတ်သတ်တွေကြားမှာ ပြောစရာတခုဖြစ်လာပါတယ်။
-
၂၀၂၁ ခုနှစ်အတွင်းအမေရိကန်နိုင်ငံမှာ TXT, NCT 127 နဲ့ BTS တို့ရဲ့ အယ်လ်ဘမ် အများဆုံးရောင်းချခဲ့ရ
ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန်နိုင်ငံမှာ TXT, NCT 127 နဲ့ BTS အဖွဲ့တွေရဲ့ သိန်းနဲ့ချီတဲ့ အယ်လ်ဘမ်တွေရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။
-
K-pop စတားဖြစ်ချင်ခဲ့တဲ့ Jimin ရဲ့ဆန္ဒကို ဖခင်ဖြစ်သူက ဘာကြောင့်ခွင့်ပြုခဲ့တာလဲ
BTS အဖွဲ့ဝင်ဖြစ်တဲ့ Jimin ရဲ့ ဖခင်ဖြစ်သူဟာ K-pop စတားဖစ်ချင်တဲ့ Jimin ရဲ့ ဆန္ဒကို ဘာကြောင့်ထောက်ခံခဲ့တာလဲဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ -
အီထယ်ဝန် မှာ အိမ်အသစ်ဝယ်ယူခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook
BTS အဖွဲ့ဝင် Jungkookဟာ အိမ်အသစ်တစ်လုံးဝယ်ယူလိုက်ပါပြီ။
-
ဒီဇင်ဘာလအတွက် နာမည်အကျော်ကြားဆုံး အမျိုးသားအဖွဲ့နေရာမှာ BTS ရပ်တည်နေ
ဒီဇင်ဘာလအတွက် နာမည်ကျော်ကြားမှုညွှန်းကိန်းအမြင့်ဆုံး အမျိုးသားအဆိုတော်အဖွဲ့ ၃၀ ရဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
-
ငွေရှာဖို့ BTS အဖွဲ့ကိုအသုံးပြုတာရပ်ပေးရေး Big Hit ကို ပရိသတ်တွေ ဆန္ဒပြတောင်းဆို
ARMY တွေဟာ Big Hit အင်တာတိန်းမန့်အပေါ် သူတို့ရဲ့ ဝေဖန်မှုကို ပြသဖို့ ဆန္ဒပြထရပ်ကားတွေ ပေးပို့ခဲ့ပါတယ်။