Banner Top

Member Area

စစ်မှုထမ်းဆောင်မှု ပြီးစီးခဲ့ပြီဖြစ်တဲ့ မင်းသား လီဂျန်ဝူး

  •  Micky
  • Category: News

မင်းသား လီဂျန်ဝူးဟာ ၂၁ လကြာ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

fullsizephoto853925

၂၀၁၆ ခုနှစ်၊ ဧပြီ ၂၆ ရက်မှာ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူဟာ ဇန်နဝါရီ ၂၅ ရက်မှာပဲ တာဝန်တွေအကုန်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကိုတော့ အခုလိုပဲ သတင်းစကားပါးခဲ့ပါတယ်။

"ကျွန်တော်နောက်ဆုံးတော့ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးပါပြီ၊ ပြန်လာရတဲ့အတွက် တကယ့်ကိုပဲ ပျော်ရွှင်ရပါတယ်၊ ဒါပေမယ့် ကျွန်တော့် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိပါတယ်၊ ဒီကနေ ထွက်လာရတော့ ပရိသတ်တွေနဲ့ မကြာခဏ တွေ့ဆုံ၊ ဆက်သွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

သူစစ်ထဲမဝင်မီ “Oh Ja Ryong Is Coming”၊ “Smile, Dong Hae” နဲ့ “Rosy Lovers" တို့လိုမျိုး ဒရမ်မာတွေ မှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top