ဆောင်းဂျွန်ကီနဲ့ ကင်ထယ်ရီတို့ရဲ့ 'Space Sweepers' ရုပ်ရှင်ကို Netflix ကနေ ပြမယ်
- WN
- Category: Movie
ဒါရိုက်တာ ဂျိုဆွန်းဟီးရဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် 'Space Sweepers' ကို Netflix ကနေ တဆင့်ပြသသွားမယ်လို့ အတည်ပြုလိုက်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ဘာသာစကားပေါင်း ၃၁ ခုနဲ့ ဖြန့်ချိမှာဖြစ်ပြီး ရုပ်ရှင်စတင်ပြသမယ့်ရက်ကို မကြာခင် ကြေညာမှာ ဖြစ်တယ်လို့ Netflix Korea က အတည်ပြုခဲ့ပါတယ်။
မင်းသား ဆောင်းဂျွန်ကီ ၊ မင်းသမီး ကင်ထယ်ရီ၊ ဂျင်ဆွန်းဂျူနဲ့ ယူဟယ်ဂျင်းတို့ ပါဝင်ထားကြတဲ့ 'Space Sweepers' ရုပ်ရှင်ကတော့ ၂၀၂၉ ခုနှစ်မှာ S.S. Victory အာကာသယဉ်ပေါ်မှာ လိုက်လာလာတဲ့ ယာဉ်အမှုထမ်းတစ်ဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
အသုံးဝင်တဲ့အာကာသအမှိုက်တွေကို ပြန်လည်သိမ်းဆည်းနေစဉ်အတွင်းမှာ ဖျက်အားပြင်း လက်နက်ဖြစ်လာမယ့် Dorothy ဆိုတဲ့ အန်းဒရိုက်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ အာကာသအတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ ပထမဆုံး တောင်ကိုရီးယား သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်ပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
MAMA ဆုပေးပွဲမှာ စတုတ္ထအကြိမ်မြောက်တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် ဆောင်းဂျွန်ကီ
မင်းသား ဆောင်းဂျွန်ကီဟာ စတုတ္ထအကြိမ်မြောက်အဖြစ် လာမယ့် 2020 MAMA ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
-
မင်းသား ဆောင်းဂျွန်ကီရဲ့အဖေက သားဖြစ်သူရဲ့ ကွာရှင်းမှုဟာ သူတို့သားအဖရဲ့ အမှားလို့ ပြော
ဆောင်းဂျွန်ကီရဲ့ ဖခင်ဖြစ်သူ က သူနဲ့သူ့သား အပေါ် အပြစ်တင်ခဲ့ပါတယ်။